လှမ်း ခက် ပန်း
##################
ဝေးမှ လွမ်းလို့………
ဆွေးမှ ကျွမ်းဆင့်……
ခက်လှ စကား…
မျက်တော် မထား…
လှမ်းခက် ပန်းကို……
နမ်းရှိုက် စမ်းချင်…………
မမှီ လက်ကမ်း……
ဤ အချစ်ပန်း…
ပင်ယံ ဖျားမှ……
ပွင့်လို့ လန်းကာ……
ရှိသည် ကိုသာ………
ပင်အောက် ၌သာ……
မျှော်ကာ ငေးမော…
မျက်ဝန်း ဝေ့သီ……
မျက်ရည် ကြည်နှင့်…
ငေးမော ၍သာ……
နေရစ် တော့မည်……
တစ်ပွင့် ပန်းလေး……
မညိုး နွမ်းဘဲ……
ပင်ယံ ထိပ်မှာ…...
No comments:
Post a Comment